ဓမ္မ နှင့် လောကီလမ်း

မြွေအဆိပ်ကုသခြင်း

 

မြွေဆိပ်ကုသခြင်း

မြွေဆိပ်ကုထုံးကိုရေးဘို့ ဆန္ဒသိပ်မရှိပါဘူး။ဘာဖြစ်လို့လဲ ဆိုတော့  လူနာတွေမှာ ပယောဂတိုက်မြွေ ကြောင့် မြွေကိုက်ခံရလျှင် ဂိုဏ်းတော်အာဏာစက်နဲ့ကုသတဲ့နေရာမှာ အရမ်းအစွမ်းထက်မြန်ဆန် ပျောက်ကင်းပေမယ့်၊ပယောဂ လုံးဝမပါသော ရိုးရိုးမြွေခဲ ခံရသူမျိုးကိုကုသတဲ့နေရာမှာ ကုသနိုင်ပေမယ့် အရမ်းကြီးတော့ လွယ်ကူမနေပါဘူး။အတွေ့အကြုံတွေ၊ကုထုံးပညာတွေ ရှိနေဘို့ကလည်း လိုနေပါတယ်။ မိမိကုသတဲ့ ဆရာဘက်ကနေ အားနည်းချက်တွေရှိနေပါလျှင် ကုထုံးရေးတဲ့သူကို အပစ်တင်စရာတွေ ဖြစ်နိုင်ပါတယ်။ 
စာရေးသူတစ်ယောက်တည်းရဲ့ ဆန္ဒကို ပြောရမယ်ဆိုရင်တော့ တိုက်မြွေအဆိပ်မဟုတ်ပါက ဆေးရုံ/ဆေးခန်းသို့ ပို့လွှတ်၍ အမြန်ဆုံး မြွေဆိပ်ဖြေဆေး ထိုးစေ သင့်ပါတယ်။သို့သော်လည်း လူနာသည် ဆေးရုံဆေးခန်းနှင့် ဝေးလံသော အရပ်ဒေသမျိုးမှာ ဖြစ်နေလျှင်သော်၎င်း၊မြွေဆိပ် မွှန်၍ သေပြီဟု သတ်မှတ်ထားလျှင်သော်၎င်း၊ဘယ်နေရာမှသွားရောက် မကုသနိုင်ပဲ ဆရာကို အားကိုး၍အပ်နှံလျှင်သော်၎င်း ကုသပေးသင့်သည် ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ကုထုံးရေးသူဖြစ်တဲ့အတွက် ရေးသားလိုက်ပါတယ်။စာရေးသူကိုယ်တိုင်လည်း မြွေကိုက်ခံရသူ အတော်များများ အဖိတ်အစင်မရှိကုသအောင်မြင်ထားခဲ့သူဖြစ်ပါတယ်။လက်တွေ့နှင့် စာနှင့်ပေါင်းစပ်ရေးသားလိုက်ပါတယ်။

မြွေပါရဂူကြီးအဘ ဘိုးတော်ပွင့်တို့ လက်ထက်ကတော့ မြွေကိုက်လူနာ ထမ်းလာတာမြင်လိုက်တာနဲ့ ကုမရတော့တာ(အသက်ပါမလာရင်) သိတယ်၊ ပြန်ဆိုရင် လှည့်သာပြန်ပေတော့။ကုသတဲ့အခါမှာလည်းအရမ်းအစွမ်းထက်နိုင်နင်းပါတယ်။ဆေးတံသောက်မပျက် သမားဂုဏ်နဲ့ကုသသွားခဲ့ကြပါတယ်။

ကျွန်တော်ကတော့ အဘဆရာကြီးတွေလို မစွမ်းပါဘူး သတိ ဝိရိယနဲ့ မပေါ့မဆ အလေးအနက် ထားပြီးကုသခဲ့ရပါတယ်။

မြွေကိုက်ခံရသူ၏ လူနာရှင်ရှိလျှင် အသက်နှင် ခန္ဓာကိုယ် အအပ်ခံခြင်း၊ချုပ်ကိုင်ခြင်း ပထမ ပြုလုပ်ရပါမယ်။ဘာနေ့သား..မောင်ဘယ်သူရဲ့ အသက်နဲ့ ခန္ဓာကိုယ် တုတ်ပြီး/ချုပ်ပြီးဖြစ်စေ၊အတိုက်စက်တွေ ဆိုင်ရာက ချုပ်ထားဟူ၍ ချုပ်ရမည်။
(လူနာအပ်လျှင် အုန်းရည် ရဘို့ ရှာခိုင်းထားလိုက်ပါ)
လူနာသတိရနေလျှင် မြွေဆိပ်ဟုတ်မဟုတ်၊မြွေအမျိုးအစား စသည်ဖြင့် ချေထောက်မှာ အလေးအပေါ့၊တိုက်မြွေဟုတ်/မဟုတ် စစ်ဆေးလို့ရပါတယ်။ရာနှုန်းပြည့်(100%)စမ်းသပ်သိရှိနိုင်သည်။{ဖြစ်တတ်တဲ့သဘောကိုသာရေးထားတဲ့ ဗေဒင်အဟောကို တထစ်ကျမယုံသင့်ပါဘူး စာရေးသူဆန္ဒ}။
ဤသို့စစ်ဆေးခဲ့မိရင်တော့ ဆရာကိုယ်တိုင် တော/အပ ကို ခေါ်သွင်းလိုက်တာဖြစ်တဲ့အတွက် တောပယ်ခြင်း/အပထုတ်ခြင်း လုပ်ရပါမယ်။

ပြီးရင်တော့ လူနာ၏ ဒါဏ်ရာ နေရာကို ရေသန့်သန့်နှင်ဆေးကြောရပါမယ်။ မြွေကိုက်လူနာ ရှေးဦးပြုစုနည်းဖြင့် ပြုလုပ်ပေးလိုက ပြုလုပ်ပေးနိုင်ပါတယ်။

အုန်းရည် ရမည်ဆိုက အုန်းရည်နှင့်။ အုန်းရည်မရလျှင်လည်း ရေသန့်တခွက်ယူပါ။ ဖရောင်းတိုင် ၅ တိုင် ထွန်း၍အဘဆရာကြီးများပင့်ဖိတ်၍....... နေ့သားသမီး၊မောင်/မ.....တွက် အဆိပ်ကျဆေးတော်ရေစင် များချီးမြှင့်ပေးသနားတော်မူပါ..ဟုတောင်းဆို၍ ဆရာ၏ လက်ညိုးနှစ်ဖက်နှင့်`ဥုံ ကာမ ကာမသေ_ဥုံထကာ ထကာသေ' ဂါထာရွတ်၍မွှေ ပါ။လူနာကို သောက်နိုင်က တိုက်ပါ၊ရေမန်းရေစက် အနည်းငယ် ဖြန်းပက်ပေးပါ၊လက်ဝါးဖြင့်ရွယ်မိုး၍ သပ်ချပါ။အဆိပ် အပင်း အပ အကုန်လိုက်ခဲ့ ဆင်းစေ သက်စေ ထွက်စေ၊ ရောင်ရမ်းတာ ဒါဏ်ရာပါမကျန်စေနဲ့ ဘုရား(၅)အမိန့်၊ အထက်ဆရာများအာဏာ၊ငါ့ဆရာဦး......ရဲ့အာဏာ....။စသည်ဖြင့် အမိန့်ပြန်ပါ။ဤသိုဖြင့်အကြိမ်ကြိမ် ပြုလုပ်ပေးပါ။

ဗဟုသုအနေနဲ့ အပိုဖြည့်ရေးပေးပါအုံးမည်။မြွေပွေးအဆိပ်က ကျောက်ကပ် အလုပ်မလုပ်တော့ခြင်းကို ဖြစ်စေတတ်ပါတယ်။မြွေဟောက်အဆိပ်ကလည်း အာရုံကြောနစ်ကို ထိခိုက်စေတဲ့အတွက်အမြင်အာရုံ ဝေဝါးခြင်း၊စကားဗလုံးပထွေးပြောခြင်း။အသက်ရှူကြပ်ခြင်း၊ထုံထိုင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။မြွေအဆိပ်သည် နှလုံးကို တိုက်ရိုက် ပျက်စီးစေပါတယ်။
သိပ္ပံဆေးပညာအရ မြွေကိုက်ခံရတဲ့လူနာကို ရေများများတိုက်တာ၊အစားအသောက်တွေကို တဝကြွေးတာမျိုး မလုပ်ရန်တိုက်တွန်းထားပါတယ်။(လုံးဝ ရေမတိုက်၊အစာမကြွေးရဘူးလို့တော့ မပြောပါဘူး)။အဆိပ်ပို၍မြန်စွာ ပျံ့သွားစေသောကြောင့် ဖြစ်ပါတယ်။စိုးရိမ်လွန်ပြီး ကြိုးတွေ တအားတင်းကြပ်စွာစီးတာမျိုးလည်း မလုပ်သင့်ပါဘူး။

မြွေဆိပ်ကို ဒါဏ်ရာနေရာတွင်သာ မဟုတ်ပဲ ဦးခေါင်းမှ ခြေဖျားသို့တိုင် လက်ဝါးနှစ်ဖက်စလုံးဖြင့် ဆင်းစေ ဟုအမိန့်ပြန်၍ ရွယ်မိုးသပ်ချနိုင်ပါတယ်။ ရွှေရင်ကျော်ပညာအဆင့်၂ ၏ စမများအရ  ညာလက်သည် အတက် ဘယ်လက်သည်အဆင်း သုံးနိုင်ပါသည်။ဘယ်ညာ၂ဖက်စလုံးကို တပြိုင်နက် အမိန့်ပြန်၍လည်း အဆိပ်ချနိုင်ပါတယ်။

အဆိပ် ကုန်/မကုန်သိရန်မှာ အချို့ဆရာကြီးများက ငှက်ပျောပင် အဖတ်များကိုအဆိပ်ကူးပြီး ညိုမဲခြင်းရှိမရှိ စပ်သပ်ကြပါတယ်။အာရုံကြောများပြန်လည်ကောင်းမွန်ခြင်းရှိမရှိ အသားကို နာစေခြင်း၊ငရုပ်သီးနှင့် လျှာကို တို့ကြည့်ခြင်းများ စမ်းကြည့်နိုင်ပါတယ်။အဆိပ်ကြောင့်ဖြစ်နေတဲ့ ညောင်းခြင်း၊တက်ခြင်း၊အိပ်ခြင်း၊မူးဝေခြင်း၊ထုံကျဥ်ခြင်း များကို အကဲခတ်၍လည်း အဆိပ်ကုန်မကုန်မှန်းဆ နိုင်ပါတယ်။

မြွေဆိပ်တက်၍ နှလုံးသည်အလုပ်မလုပ်တော့ခြင်း၊အသက်ရှုရပ်ခြင်းများ ဖြစ်ခဲ့သော် လူနာကို သေပြီဟုသတ်မှတ်ပြီး အခေါင်းထဲသွင်းထားရာမှ ရွှေရင်ကျော် အဘဆရာကြီးများမှ သွားရောက်ကုသပေးရာ လူကောင်း ပကတိ ပြန်လည် ကောင်းမွန်လာသည်ကို ဒဏ္ဍာရီဆန်ဆန် ကြားဘူး၊ဖတ်ဘူး ကြပါလိမ့်မည်။ ဤသို့ဖြစ်ခြင်းမှာ ပယောဂမြွေ(သို့မဟုတ်)တိုက်မြွေ ၏ အဆိပ်တက်ခြင်း(အဆိပ်မွန်ခြင်း/အဆိပ်လွှန်း)ကြောင့် နှလုံးခုန်ရပ်ခြင်း၊အသက်မရှူတော့ခြင်း ဖြစ်နေသော်လည်း လူနာသည် (၇)ရက်အထိ လူသက်မကုန်သေးသောကြောင့် ဖြစ်သည်ဟု ရှေးကုထုံးကျမ်းအရ ဆိုပါသည်။

ထိုသို့ မြွေဆိပ်မွန်၍ လူသက်ရှိ/မရှိ ကို သံသယ ဖြစ်စရာတွေကြုံရပါက စမ်းသပ်နိုင်သော နည်းလမ်းရှိပါသည်။
ပထမ စမ်းနည်း
လူနာ၏ အသားဖြူသောနေရာ ဥပမာ ပုခုံးစွန်းလိုနေရာမျိုးကို နှီးပရှပ်နှင့်ရိုက်ကြည့်ခြင်း၊သရေကွင်းနဲ့လည်း ကပ်၍ပစ်ကြည်နိုင်သည်။ခပ်ဆပ်ဆပ်၊ခပ်နာနာ ရိုက်ကြည့်၊ပစ်ကြည်သော် အသားသည်နီရဲလာပါက လူသက်မကုန်သေးဟု သိနိုင်ပါသည်။

ဒုတိယနည်းကတော့ ဆံပင်အနည်းငယ်ကိုနုတ်ကြည်ပါ၊ဆံပင်သည် ခိုင်၍ပြတ်ထွက်သည်က များသော် လူနာမှာ အခြေအနေကောင်းနေသေးသည်၊ဆံပင် အမြစ်ပါ ပြုတ်၍ကျွတ်ထွက်သော် လူသက်မရှိတော့ပါ။

တတိယနည်းလမ်းမှာ လူနာ၏မျက်လုံးကို လက်ဖြင့် ဖွင့်ကြည့်ခြင်းပင်ဖြစ်သည်၊လူနာမျက်လုံးသည် ဖွင့်၍မလွယ်ပဲ ပြန်ပိတ်/ပြန်မှိတ်နေလျှင် လူသက်ရှိနေသေးသည်။မျက်လုံးသည်ပွင်၍ ပြန်မပိတ်လျှင် သေဆုံးနေပြီဖြစ်သည်။

ဤသို့နည်းလမ်းများဖြင့် စမ်းသပ်၍ လူနာ၌လူသက်ရှိသေးသည်ဟု ဆုံးဖြတ်နိုင်ပါက ဆရာများကုသပေးနိုင်ပါသည်။

ဆက်လက်ပြီး ရွှေရင်ကျော်ကျေးဇူးရှင် ဆရာကြီးဦးမြခင် အမိန့်ရှိခဲ့သော ကုထုံးကို ရေးပါမည်။ငါ့သားတို့ သေချာမှတ်ထားကွ မြွေပေါက်ခံရတဲ့လူနာကမြွေပေါက်ပြီး ၂ရက်တန်သည် ၃ရက်တန်သည် ကြာပြီးမှ ရောက်လာတယ်ဆိုပါစို့ ထိုလူနာကိုမူလပြန်ဆိုတဲ့ အမိန့်ပေးပြီး ကုလို့ရတယ်ဆိုလို့ကုတယ် ကုသတယ်ဆိုတဲ့နေရာမှာ အဆိပ်ကုထုံးတိုင်းကုတယ် အဆိပ်လုံးဝမကျဘူး ဟဲ့ဦးခေါင်းကနေ ခြေဖျားတိုင် ဘယ်နေရာမှာအဆိပ်ရှိရှိ လိုက်လာခဲ့ သပ်ချတယ်မကျဘူး ပေါက်ခံထားတဲ့ နေရာလဲရောက်ရော အဆိပ်ကပြန်တက်သွားတယ် အထက်ကို အဲ့လိုဆို တစ်ချက်ပဲရှိတယ် လူနာပိုးထိတဲ့ နေရာကိုကြည့်လိုက် အနာဝပိတ်နေလို့မကျတာ အနာဝပိတ်နေရင်မကျဘူးကွ အဲ့ဒါကိုမှတ်ထား အနာဝပိတ်နေရင် သန့်စင်တဲ့ဓားနဲ့အနာဝကို သေးသေးလေး ခွဲလိုက်ရတယ် ပြီးမှ ဦးခေါင်းကနေသပ်ချ ကျတယ်ကွ.။
အေးအဲ့နေရာမှာ အနာဝလဲမပိတ်ဘူး အဆိပ်ကုထုံးတိုင်း ကုလို့လဲမကျဘူးဆိုရင် အဲ့လူနာ မကုသဖို့မှာကြားသွားတယ် အဲ့ဒါသေလူတဲ့ ပြန်ပြီးလွှတ်လိုက်ပါတဲ့ ကိုယ်လက်ထဲမှာ အမှားမခံဖို့ မိန့်ကြားထားခဲ့ပါသည်။

ပို၍ပြည့်စုံသွားအောင်  မုဒုံဆရာတိုး ၏ ကုထုံးကိုလည်း မျှဝေပေးချင်ပါတယ်၊မြွေကိုက်သောလူနာတွင်အစွဲကပ်နေတတ်သည် အစွဲချပြီး မှ အဆိပ်ချပါ မြွေဆိပ်ကျရေမန်းမန်း၍ မွှေကိုက်
သော ဒဏ်ရာမြုပ်သည်အထိ့ရေမန်းဖြင့်စိမ်ပေးပါ သွေးနှင့်အတူအဆိပ်များထွက်လာပေမည်
          မြွေဆွယ်ကျိုး၍ ကျန်ခဲ့သည်ဟုယူဆလျှင် မိမိ့လက်ဖဝါးဖြင့် မြွှေဆွယ်ရာအပေါ်အုပ်ထားပေးပါက လောက်ကလေးသဖွယ်ပြူ၍ထွက်လာပါလိမ့်မည်
                   ကုထုံးအကျဉ်းပါ
          ..................................
ဒီလောက်သိ့ရင် ကုလို့ရပြီလား? မိမိ့ကိုသင်ကြားပေးသော"ဆရာ"ကိုယ်တိုင်ကမြွှေဆိပ်မကုဖူးပါလျှင် မိမိ့အား ထိုကုထုံးအကျဉ်းကိုပင်သင်ပေးပြောပြပေလိမ့်
မည်
             လွန်ခဲ့သော ၁၅ နှစ်ကျော်ခန့်က ကျွန်တော်ရွှာပင်မဟုတ် မြို့ပင်လည်ခဲ့လေတော့သည်
              .......................
တစ်နေ့
ဆရာ ကျွန်မသား ဟင်္သာကျွန်းမှာ စပါးသွားရိတ်ရင်းမြွှေကိုက်ခံရလို့ ဆရာလိုက်ခဲ့ပေးပါ
"ဟိုက်" ပယောဂတော့ တော်တော်များများကုဖူးခဲ့ပေပြီသို့သော်မြွှေကိုက်ခံရသောလူနာကို မကုဖူးသေးလေတော့ရင်ထဲစိုးထိတ်မိ့တာပေါ့ဗျာ ဘာပြောပြော ကုထုံးဖတ်ထားတာ
ရော ဆရာသင်ထားတာရော ကြားဖူးနားဝရှိ့လေတော့ယုံကြည် ရဲရင့်မှု့နဲ့..ကဲ......ခနထိုင်ပါဦး
မြန်မြန်လုပ်ပါဆရာ လှေလဲအသင့်ပါ၊ဟုတ်ပါပြီ ခင်ဗျားသားက ဘာနေ့ သားလဲ?
သောကြာသားပါဆရာ၊ ကဲ....သောကြာသားရဲ့အသက်နဲ့ခန္ဓာ ကိုဆရာ့ကိုအပ်
ပါ၊အပ်ပါတယ်ဆရာ
သောကြာသားရဲ့အသက်နဲ့ခန္ဓာကို [ဘုရားငါးဆူ......................]အမိန့်အာဏာနဲ့ငါချုပ်ထားတယ် ။သောကြာသားမှာ အစွဲကပ်နေရင်အစွဲကိုချုပ်ထား အဆိပ်တက်နေရင် ဆိုင်ရာက အဆိပ်ကို အောက်ကိုဆွဲချထား "ဒူး"အပေါ် အဆိပ်လုံးဝမတက်စေနဲ့ ဆိုင်ရာက
ချုပ်ထား.....အမိန့်ပြန်ပြီးတာနဲ့ လူနာရှင်ရဲ့လက်ကို ကိုင်ကြည့်ပြီးမူလပြန်ခိုင်းတော့
လက်ကပူနေတယ် ok၊ဆိတ်ဆွဲကြည့်တော့.."အား" နာတယ်ဆရာ ဒါဆိုနောက်ထပ် ok ပေါ့  လူနာရှင်နဲ့လိုက်လာခဲ့တယ်။တစ်လမ်းလုံး အမိန့်ပြန်ရင်းနဲ့ပေါ့ဗျာ ရင်ခုန်သံကလဲ
တဒုန်းဒုန်း...ဟော...... ရောက်ပြီ။ လူတွေက အုံလို့ လူနာက ငုတ်တုတ် ရေဆာလို့ ရေ
တောင်းနေလေရဲ့ ဆရာလာပြီဆိုတော့ လူတွေဖယ်ပေးကြ ကြည့်တဲ့အကြည့်တွေက ဒီဆရာ ငယ်ငယ်နဲ့ ဟုတ်ပမလားပေါ့၊ဒါနဲ့ ကွမ်းရွှက်တစ်ရွှက်နဲ့ ရေတစ်ခွက်တောင်းပြီး အဖဆရာကြီးများထံ သစ္စာပြု "အစွဲချက်ချင်းထွက် အဆိပ်ချက်ချင်းကျ"ရေမန်းနဲ့ ကွမ်းစမ တောင်းပြီးလူနာကိုမျက်စဉ်းခပ် ခေါင်းကနေသပ်ချ ရေမန်းလဲ တိုက်တာပေါ့
           လူနာရဲ့ ဒူးအောက်ဖက် ခြေသလုံး နဲ့ ခြေဖမိုးဟာ ရောင်ကိုင်းနေတယ် လက်နဲ့အကြိမ်ကြိမ်သပ်ချလဲ ဒီအတိုင်းပဲ မလျှော့ဘူး ၊မြွေကိုက်ထားတဲ့ အစွယ်ရာ ကိုလက်နဲ့အုပ်ပြီး
အမိန့်ပြန်လဲ ဘာမှထွက်မလာဘူး၊ဒါနဲ့ ရေဇလားတစ်ခုယူ အဆိပ်စုပ်ရေမန်းအဖေ
တို့ထံတောင်းပြီး လူနာရဲ့ ခြေထောက်ကိုစိမ်ဘယ်လိုနေလဲ မေးကြည့်တော့ ပူတယ်ဆရာတဲ့
ok ပြီပေါ့၊ဆရာကသာ ရွှရောမြို့ရောလည်နေတာလူနာကထမင်းလဲစား အကုန်စားပဲ လေ
        ရေမန်းစိမ်တာ ၁၅ မိနစ်လောက်ကြာတော့၊အား...ဆရာ ပူတယ် ခြေဖမိုး ကအရမ်းတင်းနေတယ်၊စူးလဲစူးတယ် ပေါက်ထွက်တော့မလားမသိ့ဘူးဆရာတဲ့
      လူနာရဲ့ ခြေထောက်ကို ကြည့်တော့ ဟုတ်ပါရဲ့၊ခြေဖမိုးကြီး ညိုမဲပြီး ရောင်ကိုင်းနေလိုက်တာ ကျွန်တော်လဲ ဆက်မလုပ်တတ်တော့ဘူးလေ
      လူနာရှင်က ဆရာ ဒီရွှာမှာ မြွှေဆိပ်ကုတဲ့ ကရင်အဖိုးကြီးတစ်ယောက်ရှိ့တယ် သွားခေါ် လိုက်မယ်နော်
     လူနာကလည်းအော် ကျွန်တော်ကလည်း ရှေ့ဆက်မလုပ်တတ်လေတော့ ဟုတ်ကဲ့ပေါ့ဗျာ
     ကရင် ဆရာကြီးရောက်လာတော့ လူနာကိုသူကြည့်ပြီး"နင်တို့အရမ်းကံကောင်းတယ် ဒီလို အဆိပ်ကို လက်နဲ့ ၊သပ်ချနိုင်တာ ရွှေရင်ကျော်ပဲရှိ့တယ် ငါလုပ်ပေးစရာမလိုဘူး"
လူနာရှင်က... ဒါဆိုကျွန်မသား ဘာလို့အော်နေတာလဲ?"ဟအဆိပ်က ထွက်ချင်လို့ရုန်းနေတာလက်ကုန်ပဲ အပေါက် မရှိ့လို့သူထွက်မရတာဟ ဆရာရေ အပေါက်ဖွင့်ပေးလိုက် ကောင်းသွားလိမ့်မယ်" လို့ပြောပြီး ကရင်မြွေဆရာကြီ ပြန်သွားပါလေရော
         ကျွန်တော်လဲ သံချွန်ကို မီးပြပြီး လူနာရဲ့ ခြေသလုံးနဲ့ ခြေဖမိုးကို ၅ ချက်လောက် ဖောက်ပေးလိုက်တာ
လားလား ရေတံခွန်က ရေစီးကျသလိုပါပဲ သွေးမဲမဲတွေနဲ့အမြှုပ် ဖြူဖြူတွေ၊သွေးရပ်တာနဲ့ လူနာခြေထောက်ကို ရေမန်းစိမ်ထားပေးလိုက်တယ် ၁၀ မိနစ်အတွင်း မျက်လှည့်ပြ လိုက်သလိုပါပဲဗျာ။
အဆိပ်ကုန်မကုန်ကို ပယောဂစစ်သကဲ့သို့ စစ်၍ ရသလို ငရုတ်သီးကျွေးခြင်း မကျည်းသီးကျွေးခြင်း ပြုလျှင်လည်းရပါတယ်၊ငရုတ်သီးစား၍ မစပ် အချဉ်စား၍ မချဉ်လျှင် အဆိပ်မကုန်သေးပေ။
ရွှေရင်ကျော်ဆရာတိုင်း ဘုန်းကံကြီးမား၍ (၇)ရက်သားသမီးများကို ကယ်တင်ကုသနိုင်ကြပါစေ။

No comments:

Post a Comment

50 Topics to Learm About TECHNOLOGY-နည်းပညာ(၅၀)

ဓာတ်ကြီးလေးပါးယတြာချေနည်း အပြည့်အစုံ

  ဓာတ်ကြီးလေးပါးယတြာချေနည်း အပြည့်အစုံ -------------------------------------------------- လူသားတိုင်း လူသားတိုင်း၏ ကိုယ်ခန္ဓာတွင် ပထဝီ အာပေါ...