ဓမ္မ နှင့် လောကီလမ်း

လူပူး(သို့)ပယောဂ ဟန်ဆောင်ပူးပြနေသူ

 



လူပူး(သို့)ပယောဂ ဟန်ဆောင်ပူးပြနေသူ

လူပူးအကြောင်းကတော့ ပြောလို့ဆုံးမှာမဟုတ်ဘူး။ဆရာလျှောက်ရေးရင်လည်း တပည့်တို့ လျှံထွက်သွားလိမ့်မယ်။

အဲဒါကြောင့် လူပူးဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ?၊လူပူးဆိုရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ?

ဒီ(၂)ချက်ကိုပဲ ဒဲ့ပြောလိုက်မယ်။မှတ်မိလွယ်အောင်

ဆရာလင်္ကာလေးစပ်ထားတယ်။မှတ်ထားကြရအောင်.......။


လူပူးရခြင်းအကြောင်းရင်း အရင်ရှင်းပြမည်။

ဆန္ဒတစ်ခုပြည့်လိုမှု တစ်ခုခုတော့ရှိလိမ့်မည်။

ချစ်သူနဲ့ခွဲ၊ခံရလဲ ပူးရဲတတ်ကြသည်။

အိမ်ထောင်ရေးမှာ ဟိုဒင်းအဝှာ လိုလျှင်ဖြစ်တတ်သည်။

ဘိုးတော်ဝိဇ္ဇာ ဘာ ဘာညာ လိမ်ညာပူးတတ်သည်။

ဆရာကြီးများ မလိုလား လိမ်ငြားသိက္ခာချတတ်သည်။


အကြောင်းအရာ ပြီးသောခါ

လက္ခဏာ ပြအုံးမည်။


ဝင်ပူးသောခါ ပယောဂါ မဆိုင်တာ ရှောက်ခါ ပြောလိမ့်မည်။

တားမြစ်သော်လည်း မရပဲ ပြောမြဲ ပြောလိမ့်မည်။

ကံမကောင်းရှာသူ့ခင်ဗျာ၊သနားစရာ ဖြစ်အောင်ပြောလိမ့်မည်။

ထွက်ခိုင်းသော်လည်း မရပဲ၊ဝင်မြဲ/ထွက်မြဲ

 ပြောနေမည်။

ကြိုးပိုင်၊ကြိမ်ပိုင် သူ့မနိုင် ခိုင်း၍မရ ဖြစ်နေမည်။

ဤသို့ဆိုလျှင် လူပူးပင် ထင်မြင်သတိ ပြုရမည်။


လူပူးမှန်းသိ ကုထုံးရှိ ကဝိဆရာဖြစ်လိမ့်မည်။

သံယောင်လိုက်ခါ စိတ်ချမ်းသာ သက်ဆိုင်ရာနဲ့ ညှိရမည်။

ငြုပ်သီးမျက်စဥ်း၊ခတ်မည့်အခင်း အတင်းဟန်ဆောင်ရပေမည်။

ရေးနွေဆူနဲ့ လောင်းမယ်ဟဲ့ ကျိုထည့်ခိုင်းထားစေရမည်။

ပွဲစိုက်ငွေလည်း လေးသိန်းခွဲ မနည်းစေရ စိုက်စေဗျ။

လူချင်းလုံးလျှင် သူထက်လျှင် ဆရာသခင်နဲ့ သင်ရမည်။

မင်းတို့ဆရာ မင်းသစ္စာ လင်္ကာဖွဲ့လို့ မှာခဲ့မည်။

No comments:

Post a Comment

50 Topics to Learm About TECHNOLOGY-နည်းပညာ(၅၀)

ဓာတ်ကြီးလေးပါးယတြာချေနည်း အပြည့်အစုံ

  ဓာတ်ကြီးလေးပါးယတြာချေနည်း အပြည့်အစုံ -------------------------------------------------- လူသားတိုင်း လူသားတိုင်း၏ ကိုယ်ခန္ဓာတွင် ပထဝီ အာပေါ...