ဖုတ်ထုတ်ခြင်း
ဖုတ်ထုတ်ခြင်းဆိုတာကတော့ လူတစ်ဦးတစ်ယောက်သေသည်နှင့်တပြိုင်နက် လူဝိဉာဏ်အစား ဝင်ရောက်ပြီး လူသားဟန်ဆောင်သော ဖုတ်အမျိုးအစားကို နှင်ထုတ်ရခြင်း ဖြစ်ပါတယ်။
ဖုတ်အမျိုးပေါင်း( ၄၄)မျိုးရှိသည်ဟုမှတ်သားရသော်လည်း အတွေ့ရများသော ဖုတ်အမျိုးအစားများမှာ
ဘုရင့်ပွဲတော်လို ဟင်းစုံတောင်းစားသော ဖုတ်ဘုရင်၊
ဘုရားထီးဆောင်းမှ ထွက်တတ်သော ဖုတ်ထီးဆောင်း၊
သား၊ငါးတို့ကို ခိုးဝှက်စားသော အသားစားဖုတ်၊
နင်း၊နိပ်ခိုင်းသော သွေးစုတ်ဖုတ်၊
ဆွမ်းကျန်/ဟင်ကျန်များကို စားသောက်လိုသော
ဖုတ်သာသနာ၊
နားပင်း/ဆွံအ ဖြစ်နေသော ဖုတ်နားပင်း/ဖုတ်အ တို့ပင် ဖြစ်သည်။
ဖုတ်ဝင်ခြင်းလက္ခဏာ သို့မဟုတ် ဖုတ်ဟုတ်/မဟုတ်
ဖုတ်၏လက္ခဏာများကို ဖုတ်တို့၏ မာယာလက္ခဏာ များနှင့်သာ ဝေဘန် အကဲခတ်ရသည်က များပါသည်။ ဘာကြောင့်လဲဆိုလျှင် ဖုတ်ဝင်နေသူမှာ ပယောဂစမ်းသပ်ရန် အသင့်အနေထားမျိုးမရှိပဲ နာတာရှည်၊သို့မဟုတ် မသက်မသာ အခြေနေမျိုး ဖြစ်နေပြီး ၊အလွန်ဟန်ဆောင်ကောင်းသောကြောင့် ဖြစ်သည်။ ကျန်ုပ် ဆရာ ဦးမြင့်ဆွေသည်ပင်လျှင် အကြိမ်ကြိမ် လွဲမှာစွာ ဆုံးဖြတ်ပြောဆိုခဲ့ဘူးပါသည်။
သားသမီး၊ဇနီးလင်သားများအား ဝေဒနာရှင်မှာ ဖုတ်ဝင်နေတာမဟုတ်ကြောင်း မင်းတို့အဖေအမေ အမှန်စင်စစ်ဖြစ်နေသေးကြောင်း၊ဒါကြောင့် ရိုရိုသေသေ၊လေးလေးစားစား ဆက်ပြီး ပြုဆုပေးသင့်ကြောင်း ၊
အခုလူနာက ဆရာကိုတောင် ဆရာရယ် ကျနော့ကိုကယ်ပါအုံး၊ဒီဘဝ ဒီခန္ဓာကြီးက ကျွတ်ချင်ကြောင်း
ပြောတဲ့အကြောင်း ၊သနားစရာဖြစ်တဲ့အကြောင်း ပြောပြပြီးနောက် အကယ်၍ မင်းတို့မယုံရင် အခုဆရာလုပ်ပေးတဲ့ ရေမန်းကို တိုက်လည်းတိုက် ရေလည်းချိုးပေးကြည့်ပါ ဖုတ်ဆိုရင်ထွက်သွားပါလိမ့်မယ်ပြောပြီး ဆရာလည်းထပြန်ရော လူနာမှာလည်း အသက်မရှိတော့ပဲ ရုပ်ပျက်ဆင်ပျက် ဖြစ်ပြီး အမြန် သင်္ဂျိုလ် လိုက်ရတာမျိုး ၂ကြိမ်လောက် ကြုံခဲ့ရပါပြီ။ပြောချင်တာက ခန့်မှန်းရခက်တာကို ပြောချင်ပါတယ်။ဖုတ်သာသနာဆိုရင် ရဟန်းသံဃာတော်တွေ ကို ဆွမ်းကပ်ရန်ပင့်ဖိတ်ခိုင်းပြီး ပရိတ် တွေရွတ်ဖတ်သောခါ ပေတေ၍ ခံ၍နေပြီးမှ ဆွမ်းကျန်တွေကိုတောင် တောင်းစားတတ်သောကြောင့် ဖုတ်ဟုပင် ထင်ရန်ခက်ပါတယ်။ဒါကြောင့်ဆရာကတော့ စမ်းသပ်ရင်းနှင်၊နှင်ရင်းစမ်းသပ်နည်းကိုပဲ အသုံးပြု၍ စစ်ဆေးရန် အကြံပြုလိုပါတယ်။
ဖုတ်ထုတ်နည်း
-လူနာအိမ်၌ ပွဲမပြင်ရပါ။အဘယ်ကြောင့်ဆိုသော လူနာအိမ်သည် အသုဘ အိမ်ဖြစ်နေသောကြောင့် ဖြစ်သည်။
- ပွဲပြင်လိုက ဆရာအိမ် သို့မဟုတ် အခြားအိမ်၌ ပြင်နိုင်သည်။
-မီးစက်ရေ နှင့် ဆန်မန်းများ စီစဥ်ပါ
-ဖုတ်ဝင်နေသူကို ပက်လက်လှန်ထား၍ ဆရာက ခေါင်းရင်ဘက်မှရပ်၍ အမိန့်ပြန်ရမည်။
.....ဟဲ့.....ဖုတ်ကောင် မိစ္ဆာ....။
ငါ့ရဲ့အမိန့်အာဏာ..မကြားမသိမရှိစေရ.....။
အခုချိန်က စ၍.. (.....)နာရီ/မီးနစ်အတွင်း..
လူရဲ့ ဝိဉာဏ်နဲ့ ခန္ဓာအိမ်ကိုထားပြီး...ထွက်စေ........။
ငါ့စကားနားမထောင် မီးအတိလောင် ပြာဖြစ်၍ စကြ်ဝဠာအပြင်ဘက်လွင့်ထွက်စေ။ ဘုရားငါးဆူအမိန့် အထက်ဆရာများအာဏာ..နတ်မင်းကြီးများ၊မယ်တော်များ တချက်လွတ်အမိန့်အာဏာ....။
အထက်ပါအတိုင်း အမိန့်ပြန်ပြီး၊မီးစက်ရေနှင့်ပက်၊ဆန်မန်းနဲ့ပေါက်ရမည်။ ဆန်မန်းပေါက်ရာတွင် ဆန်တစ်စေ့လျှင် အစောင့်ကောင်းတစ်ဦးဖြစ်ပြီး ဤအိမ်၌ ခိုကပ်နေသော မိစ္ဆာအား အပြီးတိုင် မောင်းထုတ်ကြလေ....။တဖန်တောင်းပန်းတိုးလျှိုး၍ ဝင်ခွင့်တောင်းပါက မဝင်စေရ၊ဝင်ခွင့်မပြုရ ခြေကြူးခြေဖြတ်၊ကိုယ်ကြူးကိုယ်ဖြတ် အကူညီစက် အတိုက်စက်အားလုံးပြတ်စေ....။...ဟုအမိန့်ပြန် ပြီး လှည်မကြည့်ပဲ ထွက်လာခဲ့ရမည်။
ဖုတ်ထုတ်နည်းပြီးပါပြီ
ဤကုထုံးဖြစ်မြောက်အောင် ကြံဖန် မေးမြန်းပါသော ဘုရားကြီးမြို့က ဆရာဖိုးသား အား ကျေးဇူးတင်ပါသည်။

No comments:
Post a Comment