ဓမ္မ နှင့် လောကီလမ်း


သွေးမင်၊လေမင် ရောဂါကုသခြင်း


ဒီရောဂါအကြောင်းကို ရေးမလို့ရည်ရွယ်တာတော့ကြာပါပြီ၊ဒါပေမယ့် ရှေ့ကဆရာကြီးတွေရဲ့ ကုထုံးကျမ်းတွေထဲမှာ သေချာစွာ အကျယ်တဝံ့ ရေးခဲ့တာ မရှိလေတော့ ကိုးကားရန်မရှိတာနဲ့ မရေးတော့တာပါ။အခုတော့လည်း တပည့်တစ်ယောက်က သေချာသင်ပြပေးပါဆိုတော့ လက်လှမ်းမီသ၍ ပြန်ပြောပြလိုက်ပါပြီ။


သွေးမင်လေမင် လို့ခေါ်တဲ့ရောဂါ

ဟာ အခြားခေါ်တဲ့အမည်တွေလည်းရှိပါတယ်။ 

သွေးလေ အကြောမျှင်လေးတွေ ပိတ်ဆို့တဲ့ လက္ခဏာကို အစွဲပြုပြီး

သွေးမျှင် လေမျှင်လို့လည်းခေါ်ပါတယ်။ ပင့်ကူယှပ်သလို ရောင်ရမ်းနေလို့လည်း သွေးပင့်ကူ၊လေပင့်ကူလို့လည်း ခေါ်ဟန်ရှိပါတယ်။သွေးမျှော့၊လေမျှော့လို့လည်း ခေါ်တာ ကြာဘူးပါတယ်။


သွေးမင်လေမင်ရောဂါဖြစ်သူများ အမဲသား၊ဝက်သား၊ငပိ၊ငါးခြောက်၊ငှက်ပျောသီး၊ကောက်ညှင်း စသော အစားအစာများမစားရပါ။


တစ်ခါက ကျောင်းနေဖက်သူငယ်ချင်းကို ဆရာဝန်က ခင်ဗျားရောဂါက မင်ရောဂါခေါ်တယ်တဲ့ တိုင်းရင်းဆေးဆရာနဲ့ပါ ပြပါပြောလို့ ကျနော့ဆီလာကုတာ ကြုံဖူးပါတယ်။ဒါကြောင့် ဒီရောဂါကို ဆရာဝန်တွေတောင် မင်ရောဂါလို့ သိနေကြပါတယ်။


သွေးမင်လေမင်ရောဂါ ကိုသိချင်လို့ Google မှာ ခေါက်ကြည့်ရင် အမေးသာရှိပြီးအဖြေ မရှိသေးတာကို ထူးဆန်းစွာတွေ့ရပါတယ်။တကယ်ပဲ အကြောင်းရင်းရှာမရတဲ့ ရောဂါမျိုးလား စဥ်းစားစရာပါပဲ။


ဆေးပညာအလိုအားဖြင့်ကတော့ ဒီရောဂါဟာ တေဇောဝါယော ဖောက်ပြန်လို့ဖြစ်ရတာပါ၊အာကာသ ထွက်ပေါက်မရလို့ ဆိုတာကလည်း ထင်းရှားပါတယ် ။ယားယံခြင်းကလည်းလေပျက်လို့ ဖြစ်တာပါပဲ။ အကြောင်းတခုခုကြောင့် သွေးအဆိပ်၊လေအဆိပ် ဖြစ်တယ်လို့လည်း ပြောလို့ရပါတယ်။


ပယောဂနဲ့လည်း ဆက်နွယ်မှုရှိတယ်လို့ ပြောကြပါတယ်၊သွေးမင် လေမင်ရှိနေရင် စက်ဖြတ်လို့မရသေးဘူးလို့လည်း ဆရာတစ်ချို့က ပြောဘူးပါတယ်။ ဆရာကြီးရဲ့ အမိန့်ရှိတာကတော့ မြွေကိုက်တဲ့လူနာကို တောမှီကပ် သလိုပါပဲ ၊အဆိပ်ရှိရာ အပ လာတယ် လို့မှတ်သားဘူးပါတယ်။


စမ်းသပ်စစ်ဆေးပုံကို ပြောပြပါမယ်။ ခြေဆင်းခိုင်းပြီး "ဟဲ့....သွေးမင် လေမင်ရှိရင် ကပ်ထား၊မှန်ရင်ပေါ့ပြ စသဖြင့် ပယောဂစစ်ဆေးသလိုပဲ စစ်ရပါမယ်။သို့သော် သွေးမှင်လေမင်နဲ့ ပယောဂ မကွဲပြားရင်း နားလည်ရန်ခက်ပါတယ်။တခါတလေမှာ ဆရာကိုကို လှည့်သလိုမျိုး မေးသမျှ အစစ်ခံနေတာမျိုး ဖြစ်နေရင် ဆရာ၏ ပါးစပ်မှ ဘာမှ အမိန့် မပေးတော့ပဲ လက်ဝါးနှစ်ဖက်စလုံးနဲ့ သပ်ချလိုက် ပြန်ဆွဲတင်လိုက်လုပ်ကြည့်ရင် လူနာခြေထောက်မှာ လေးလိုက် ၊ပြန်ပေါ့သွားလိုက် ဖြစ်နေတာကိုတွေ့ရပါမယ်။ ကျနော်တို့ လက်ဝါးနောက်ကို အဆိပ်က လိုက်ပါနေရာလို့ ဖြစ်နေတာပါ။

ဒီလိုနည်းနဲ့လည်းစမ်းသပ်နိုင်ပါတယ်။


ကုသပုံကို ဆက်ပြောပါမယ်။လူနာကို ဦးခေါင်းမှ စတင်၍ ဆရာ၏လက်နှင့်ရွယ်မိုးကာ၊""ဟဲ့...မကောင်းတဲ့ သွေးပုပ်လေပုပ် သွေးမျှင်လေမျှင်၊သွေးမင်လေမင် သွေးအဆိပ် လေအဆိပ်မှန်သမျှ ငါ့လက်အောက်က လိုက်ပါလာခဲ့ကြစေ၊ ဟောဒီ လက်ဖျားမှာ လာစုနေကြစေ..."ဟူ၍ အမိန့်ပေးပြီး လက်ဖျားထိအောင် သပ်ချပါ။ အကြိမ်ကြိမ် သပ်ချပါ လက်ဖျားမှာချုပ်ထားပါ။ရောင်ရမ်းတဲ့နေရာ ကိုက်ခဲနာကျင်တဲ့နေရာကလည်း ဆွဲယူသပ်ချပါ။ ခြေထောက်မှာဆိုလျှင်လည်း ခြေဖျားမှာ သပ်ချချုပ်ထားပါ။လက်တစ်ချောင်ချင်းစီကို ကြိုးစီး၍ လက်ဖျား(သို့)ခြေဖျားကို အပ်နဲဖောက်ထုတ်ပါ။အပ်ကို တစ်ခါသုံးဆေးထိုးအပ်ကို အသုံပြုသင့်သည်၊ဆေးထိုးအပ်မရပါက အပ်ကို အရက်ပျံမီးနဲ့ ကင်၍ပိုးသပ်ပြီးမှ သုံးပါ။ခြေထိပ်လက်ထိပ်ကို ဖောက်ပြီးတိုင်း """. ..သွေးဆိပ်လေဆိပ်တွေ ဒီအပေါက်ကနေထွက်သွားစေ။ပယောဂ အတိုက်အပင်း အစောင့်အစွဲမှန်သမျှ၊နင်တို့လုပ်ထားတဲ့ ပယောဂစက်တွေ လည်း တစ်ခါထဲ ရော၍လိုက်ပါထွက်ကြစေ..."""

ဟူ၍အမိန့်ပြန်ပါ။ သွေးညိုညိုမဲမဲများထွက်လိမ့်မည်။

ဖောက်သောနေရာအား ကွမ်းရွက်စမ ရေစင်၊ အဆိပ်ကျရေစင်/စက်ဖြတ်ရေစင်များနဲ့ ဆေးကြောပါ။

သွေးမင်လေမင်များကုန်သွားလျှင် သွေးအနီရောင်သာထွက်လိမ့်မည်။မကုန်သေးပါက ပြန်စစ် ၍ ရက်၂/၃ရက်ခန်ကြာလျှင် ပြန်ကုပေးလျှင် အမြစ်ပြတ် ပျောက်ကင်းပါလိမ့်မည်။


သွေးဖောက်မကုချင်သော သူများအတွက် လိမ်းဆေးမန်းဆေးနည်းဖြင့်လည်း ကုသလို့ရပါတယ်။

ထုံးနှင့် နနွင်းကို ရေနှင့် မပျစ်မကျဲဖျော်၍ ခွက်တစ်ခုတွင်ထည့်ထားပါ သံချောင်းတစ်ချောင်းကို မီးရဲအောင်ဖုတ်၍ ၎င်းထုံးနနွင်းခွက်တွင်နှစ်ပါ ၊ခဏကြာ၍ အေးသွားလျှင် ဘုရားကျောင်းပေါ်တင်၍ အဘဆရာကြီးများ၊နတ်မင်းများ၊မယ်တော်များထံ၌ သွေးမင်လေမင် ရောဂါပျောက်စေသော ဆေးတော်တောင်း၍ လိမ်းဆေးအဖြစ် ကုသပေးနိုင်ပါသည်။


မိမိဆရာထံတွင် စနစ်တကျ လက်ထပ် သင်ကြားကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ပါရစေ။

No comments:

Post a Comment

50 Topics to Learm About TECHNOLOGY-နည်းပညာ(၅၀)

ဓာတ်ကြီးလေးပါးယတြာချေနည်း အပြည့်အစုံ

  ဓာတ်ကြီးလေးပါးယတြာချေနည်း အပြည့်အစုံ -------------------------------------------------- လူသားတိုင်း လူသားတိုင်း၏ ကိုယ်ခန္ဓာတွင် ပထဝီ အာပေါ...