🔰 Technology ဆိုတာဘာလဲ?
📘 Technology Series (Post – 1)
ယနေ့ ကျွန်ုပ်တို့ အသုံးပြုနေတဲ့
📱 ဖုန်း
💻 ကွန်ပျူတာ
🤖 Artificial Intelligence (AI)
🌐 Internet
တွေဟာ တစ်ယောက်တည်း တည်ထွင်ထားတာ မဟုတ်ပါဘူး။
ကမ္ဘာအနှံ့ရှိ
👉 သိပ္ပံပညာရှင်ကြီးများ
👉 နည်းပညာဖခင်ကြီးများ
👉 အင်ဂျင်နီယာများ
👉 သုတေသနပညာရှင်များ
တို့ရဲ့ အချိန်၊ အားထုတ်မှု၊ ဉာဏ်ပညာတွေကြောင့်
ယနေ့ခေတ် Technology လောက ပေါ်ပေါက်လာခဲ့တာပါ။
အထူးသဖြင့်
AI (Artificial Intelligence) ကို အစပြု လမ်းဖွင့်ပေးခဲ့တဲ့
နည်းပညာဖခင်ကြီးများအားလုံးကို
အထူးလေးစားကျေးဇူးတင်ရှိပါတယ် 🙏
✨ ယနေ့ခေတ်မှာ “Technology” ဆိုတဲ့ စကားလုံးကို မကြားဖူးသူ မရှိတော့ပါဘူး။
ဒါပေမယ့်
❓ Technology ဆိုတာ တကယ်တမ်း ဘာကို ခေါ်တာလဲ
❓ ဘာကြောင့် လူ့ဘဝအတွက် အရေးကြီးလာတာလဲ
ဆိုတာကို ရှင်းရှင်းလင်းလင်း နားမလည်သေးတဲ့သူများ အများကြီး ရှိနေပါတယ်။
ဒီ Post မှာ
👉 Technology ဆိုတာဘာလဲ
👉 နေ့စဉ်ဘဝနဲ့ ဘယ်လိုဆက်စပ်နေလဲ
👉 ဘာကြောင့် မဖြစ်မနေ သိထားသင့်လဲ
ကို Beginner တွေပါ နားလည်အောင် ရှင်းပြပါမယ်။
❓ Technology ဆိုတာဘာလဲ
Technology ဆိုတာကို ရိုးရိုးရှင်းရှင်း ပြောရရင်👇လူ့ဘဝကို ပိုမိုလွယ်ကူအောင်၊ ပိုမိုမြန်ဆန်အောင်
ကူညီပေးတဲ့ နည်းပညာ၊ ကိရိယာ၊ စနစ်များအားလုံးကို Technology လို့ ခေါ်ပါတယ်။
ဥပမာ👇
ဖုန်း 📱
ကွန်ပျူတာ 💻
Internet 🌐
ATM စက် 💳
AI (ChatGPT) 🤖
ဒီအားလုံးက Technology ပါပဲ။
🕰️ Technology မရှိခင်နဲ့ ရှိပြီးနောက် ပြန်စဥ်းစားကြည့်ရအောင်
📌 အရင်ခေတ် (Technology မရှိသေး)ခင်က စာရေးဖို့ လက်နဲ့ရေးရပါတယ်။
သတင်းပို့ဖို့ စာပို့ ဖို့၊ ပိုက်ဆံပို့ဖို့ လူကိုယ်တိုင်သွားရပါတယ်။
📌 ယနေ့ခေတ် (Technology ရှိပြီး)မှာတော့
စာရေးရင် → ဖုန်းနဲ့ရေးလို့ရပါပြီ၊ သတင်းပို့ → Email / Messenger နဲ့ပို့လိုက်တာပါပဲ
ပိုက်ဆံပို့ → Mobile Banking နဲ့ အဆင်ပြေနေပြီ၊ KBZ Pay တို့ Wave Money တို့နဲ့ ငွေသွင်း/ ငွေထုတ် ဟုတ်နေတာပပါပဲ ၊အိမ်ငှားခ၊ လျှပ်စစ်မီတာ ခ ၊Wifi bill ဆောင်မလား ဖုန်းထဲကနေ ရှင်ပေးလို့ရတယ်။ ပိုက်ဆံချေးမလား😊၊မုန့်ဖိုးတောင်းမလား လူကိုယ်တောင် မသွားနိုင်လဲ အားလုံး OK
👉 အချိန်တို၊ အားနည်း၊ အလုပ်မြန် သွားပါတယ်။
🌍 နေ့စဉ်ဘဝမှာ Technology ကို ဘယ်လိုသုံးနေလဲ
လူအများစုက
“ငါ Technology မသုံးဘူး” လို့ ထင်တတ်ကြပါတယ်။ဒါပေမယ့် တကယ်တော့👇
မနက်နိုးရင် Alarm ⏰ → Technology
ဖုန်းနဲ့ ဖုန်းခေါ် 📞 → Technology
Facebook ကြည့် → Technology
YouTube ကြည့် → Technology
Google နဲ့ ရှာ → Technology
👉 နေ့စဉ်ဘဝက Technology မပါရင် မဖြစ်နိုင်တော့ပါဘူး။
🤖 AI (Artificial Intelligence) နဲ့ Technology
ယနေ့ခေတ် Technology ထဲမှာ AI (Artificial Intelligence) က အရေးကြီးဆုံး ဖြစ်လာပါတယ်။
AI ဆိုတာ👇
လူ့ဉာဏ်ကို အတုယူပြီး စဉ်းစားနိုင်၊ စာရေးနိုင်၊ ဖြေရှင်းနိုင်တဲ့ နည်းပညာတစ်မျိုး ဖြစ်ပါတယ်။
ဥပမာ👇
ChatGPT
Google Assistant
Face Unlock
Voice Search
👉 AI က Technology ရဲ့ နောက်တစ်ဆင့် မြင့်မားလာတဲ့ အဆင့်ပါ။
🎯 ဘာကြောင့် Technology ကို လေ့လာသင့်လဲ
Technology ကို သိထားရင်👇
✅ လောကနောက်မကျတော့ဘူး
✅ အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာတယ်။
✅ Online ဝင်ငွေရှာနိုင်တယ်
✅ ကိုယ့်ကိုယ်ကို လုံခြုံအောင် ကာကွယ်နိုင်ပါတယ်။
✅ သားသမီးတွေကိုပါ သင်ပြနိုင်ပါတယ်။
👉 မသိရင် အသုံးချခံရနိုင်ပါတယ်
👉 သိထားရင် အသုံးချနိုင်ပါတယ်
Technology ဆိုတာ
👉 လူတွေကို အခက်အခဲကနေ လွတ်မြောက်အောင်
👉 ဘဝကို ပိုကောင်းအောင်
ကူညီပေးတဲ့ မိတ်ဆွေကောင်းတစ်ယောက် လိုပါပဲ။
👉 Internet ဆိုတာဘာလဲ? ဘယ်လိုအလုပ်လုပ်သလဲဆက်ဖတ်ရန် ကိုနိပ်ပါ
.

No comments:
Post a Comment