ဘုရား(၉)ဆူအဓိဋ္ဌာန်ကျင့်စဥ်စခန်း
ဘုရား (၉) ဆူအဓိဋ္ဌာန် အောင်မြင်လျှင် သိဒ္ဓိသုံးပါး ပြီးမြောက်၍ သာသနာပြုနိုင်ပါသည်။သိုက်စွဲ၊နတ်စွဲ၊ပယောဂအမျိုးမျိုးတို့ကို နိုင်နင်းစွာကုသနိုင်သည်။
သာသနာ၏ကိစ္စရပ်တွေကို တတ်အားသ၍ ပြုလုပ်နိုင်တဲ့အတွက် "သာသနာပြု"တယ်လို့ အရပ်အသုံးစကားလုံးဖြင့် ပြောကြခြင်းဖြစ်ပါသည်။
မင်းကွန်းဆရာတော်ကြီးကတော့ ဘုရား တည်တယ်ဆိုတာ ပစ္စည်းဝတ္ထုများစွာကို စွန့်လွှတ်ရတာဖြစ်လို့ ဒါနနဲ့သာ သက်ဆိုင်တယ်၊
ဒါ့ကြောင့် ဘုရားတည်မှုသည် သာသနာသုံးရပ်တွင် မပါဝင်ဘဲ ဒါနသက်သက်သာ ဖြစ်တယ်လို့ မိန့်ကြားခဲ့သည့် အတွက် ဘုရားတည်နိုင်သည်လိုပဲ ရေးကြပါစို့။
သိဒ္ဓိ (၁၀)ပါး
၁။ပီယသိဒ္ဓိ= ပီယ သိဒ္ဓိဟူသည် (၇) ရက်သားသမီးများဖြစ်
သော လူ/နတ်/ဗြဟ္မာ/မိစ္ဆာ သတ္တဝါများက အလို
အလျောက် ရင်မှ မွေးဖွားလာသော သားကဲ့သို့
ချစ်ခြင်းကို ပြီးမြောက်စေခြင်းဖြစ်၏။
၂။ဓနသိဒ္ဓိ=ဓန သိဒ္ဓိဟူသည်ရွှေငွေ/ရတနာ/ဥစ္စာဓန စသော အသုံးအဆောင်အမျိုးမျိုးတို့ မိမိအလိုရှိသောအခါ တောင်းတတိုင်းပြီးစီးခြင်းပင်ဖြစ်၏။
၃။ကာယသိဒ္ဓိ=ခန္ဓာကိုယ်၌ဖြစ်ပေါ်တတ်သော ရောဂါဝေဒနာနှင့်ထိခိုက်ရှနာဖြစ်
ခြင်း၊ဓားလှံ လက်နက် အမျိုးမျိုးတို့မှ ကင်းဝေးခြင်းပင်ဖြစ်၏။
၄။အဂ္ဂိသိဒ္ဓိ= တေဇော သိဒ္ဓိဟူသည် ပူခြင်း/အေးခြင်းဟူ
သော တေဇေဓာတ်၏သဘာဝ ဘေးဒုက္ခကို ခံနိုင်ခြင်းပင်ဖြစ်၏။
၅။ဥဒကသိဒ္ဓိ=ရေပေါ်တွင် မြေပြင်ပေါ် ၌ သွားလာရဘိသကဲ့သို့သွားလာနိုင်ခြင်းနှင့် ရေဘေးအန္တရာယ်မှ ကင်းဝေးခြင်းပင်ဖြစ်၏။
၆။ပယောဂသိဒ္ဓိ= ပယောဂ သိဒ္ဓိဟူသည်တစ်စုံတစ်
ယောက် သောသူ၏ အတတ်ပညာ လုံ့လဝီရိယဖြင့်နှိပ်စက်ကလူပြု ခြင်းမှ ကင်းဝေးခြင်းပင်ဖြစ်သည်။
၇။အာကာသ သိဒ္ဓိ=ကောင်းကင်ပြင်တွင် မည်သည့်ယာဉ်အကူအညီတစ်စုံတစ်ခုမှ မပါ
ရှိဘဲသွားလာနိုင်ခြင်းနှင့် အာကာသရှိ ဂြိုလ်/
နက္ခတ်တာယာ/စကြာဝဋ္ဌာသို့သွားလာနိုင်ခြင်း-
စကြာဝဋ္ဌာ အတွင်းရှိ ဂြိုလ်/နက္ခတ်တာယာတို့၏ အခြေအနေ အရပ်ရပ်တို့ကို ကောင်းစွာသိမြင်
ခြင်းပင်ဖြစ်၏။
၈။အဟာရသိဒ်ဓိ= အစားအစာ အာဟာ
ရကို မတောင့်တဘဲ ရရှိခြင်း-အာဟာရ မစား
မသောက်ဘဲ နေနိုင်ခြင်း/မည်သည့်အာဟာရကို
မဆို စားသောက်သော်လည်း အန္တရာယ်မရှိခြင်း။
၉။စိန္တမယသိဒ္ဓိ=အတတ်ပညာဖြင့် စိတ်မှရွတ်ဆို၍ ကောင်းကင်၌ ဆင်တပ်၊မြင်းတပ်၊ခြေသည်သူရဲတတ်တို့ကို ထူးဆန်းစွာ ဖန်ဆင်းနိုင်ခြင်း
၁၀။ဣဒ္ဓိဝိဓသိဒ္ဓိ=တန်ခိုးအမျိုးမျိုးတို့ကို၎င်း၊ပုံသဏ္ဍာန်အမျိုးမျိုးတို့ကို ၎င်း ဖန်ဆင်းနိုင်ခြင်း
ဟူ၍သိဒ္ဓိဆယ်ပါးရှိရာတွင် သိဒ္ဓိငယ်သုံးပါးဖြစ်သော
ပီယသိဒ္ဓိ၊ကာယသိဒ္ဓိ၊ဓနသိဒ္ဓိ တို့ကို တကယ်ပြီးစီးစေသော ဘုရား (၉)ဆူ အဓိဋ္ဌာန် ကျင့်စဥ်စခန်းကို ရေးသားမှာဖြစ်ပါတယ်။
ဝိဇ္ဇာတို့၏ ခေါင်ချုပ်၊ဝိဇ္ဇာဓရ ဆရာတော် ခေါ် ဘုန်းဘုရားကြီး ဘိုးပေါက်ဆိန်သည် စမ်းချောင်းမြို့ အောင်မင်္ဂလာသိဒ္ဓိ ကျောင်းတော်၌ သီတင်းသုံးစဥ်အချိန်က ဦးပရမဝဏ္ဏသိဒ္ဓိ ဖြစ်လာမည့် ဦးပြည်စုံ အား ဝိဇ္ဇာဂန္ဓာရီ စခန်းဖြစ်သော ဘုရား (၉)ဆူအဓိဋ္ဌာန်ကျင့်စဥ် ကို ချီးမြင့်ခဲ့ပါသည်။
အဓိဋ္ဌာန်ကျင့်စဥ်မှာ အသက်သတ်လွတ်စား၍ တန်ခိုးကြီး ဘုရားတစ်ဆူလျှင် (၉)ရက်စီ
မပျက်မကွက် ဘုရားကိုးဆူ ပြည့်အောင် ရက်ပေါင်း (၈၁)ရက် တိတိ ပုတီးစိတ်ရမည် ဖြစ်ပါသည်။
ဦးပရမဝဏ္ဏသိဒ္ဓိ သည် ရဟန်းဝတ်ဖြင့် ပုဂံဘုရားများ၌ လက်ရင်းတပည့် ပါရမီဖြည့်ဖက်များစောင့်ရှောက်မှုဖြင့် ပြီးမြောက်အောင်မြင်ခဲ့ပြီး ဝိဇ္ဇာတို့၏ သိဒ္ဓိများပါရရှိခဲ့ပါသည်။သိဒ္ဓိသုံးပါးပြီးမြောက်၍ ပုပ်ပါးတောငျ၌ အံ့မခန်းအောင် သာသနာပြုနိုင်ခဲ့ပါသည်။မြန်မာနိုင်ငံတလွှားမှာ လွန်စွာကျော်ကြာခဲ့ပါသည်။
ဘုန်းဘုရားကြီး ဘိုးပေါက်ဆိန် အကြောင်းကို မသိသေးသော ဆရာများရှိရင်တော့ google မှာရိုက်ရှာလိုက်ရင် အများကြီးတွေ့ရမှာဖြစ်ပါတယ်။
ဘုရား (၉)ဆူ အဓိဋ္ဌာန် ကျင့်စဥ်ကို သိချင်သူ များသောကြောင့် ရေးသားလိုက်ခြင်းဖြစ်ပါသည်။
အဓိဋ္ဌာန် အောင်၍
စိတ်အကြံအောင်ကြပါစေ။

No comments:
Post a Comment