အဘဆရာကြီးများ ရုပ်လုံးတော်များထားပုံနှင့် ပွဲပြင်ဆင်ပုံ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
အဘဆရာဟန် သည် ဘုရားကျောင်းတွင်ထားရှိသော ပွဲများနှင့် အဘဆရာတော်ကြီးများ၏ ရုပ်လုံးတော်များကို စနစ်တကျ တည်ထားခဲ့ပါသည်။ ဦးစွာပထမ လက်ယာဘက် အစွန်ဆုံးကျသော နေရာတွင် အမြင့်မြတ်ဆုံးဖြစ်သော မြတ်စွာဘုရား ဆင်းတုတော်ကို ကျောင်းဆောင်နှင့် တကွ သီတင်းသုံးစေ၍ မြတ်စွာဘုရား၏ လက်ဝဲဘက် ဒုတျိယ နေရာတွင် အဘဆရာပြူး၏ ရုပ်လုံးတော် တည်ရှိပေ၏။ တတိယ နေရာ အဘဆရာပြူး၏ လက်ဝဲဘက်တွင် အဘဆရာအေး ရုပ်လုံးတော်တည်ရှိပေသည်။ အဘဆရာကြီးနှစ်ပါးဘေး လက်ဝဲဘက်တွင်အဘဆရာပွင့်၏ ရုပ်လုံးတော်ရှိပြီး အဘဆရာပွင့်၏ လက်ဝဲဘက်တွင် နတ်မင်းကြီး လေးပါးအနက် အဓိက ဖြစ်သော `ဓတရဋ္ဌ နတ်မင်းကြီးရုပ်လုံး၊ ၎င်း၏ ဝဲဘက်ဘေးတွင် သူရဿတီ မယ်တော်ကြီး ရုပ်လုံးတော်ကို တည်ထားသီတင်းသုံးစေခဲ့ပါသည်။
ပွဲကိုပြင်ရာ၌လည်း အထက်ပါ အစီအစဉ်အတိုင်းပင် လက်ယာဘက်အစွန်းမှာ မြတ်စွာဘုရားပွဲ၊ အဘဆရာပြူးပွဲ၊ အဘဆရာအေးပွဲ၊ အဘဆရာပွင့်ပွဲ၊ နတ်မင်းကြီးလေးပါး နှင့် မယ်တော်ပွဲ စသည်ဖြင့် အစဉ်အတိုင်း လက်ဝဲဘက်သို့သာ တန်း၍ တည်ထားပူဇော်ခဲ့ပေသည်။
အဘဆရာဟန်၏ နောက်ဆုံးထွက်တော်မူရာ ဓာတ်ပုံထဲ၌ ဖေါ်ပြထားသော နေအိမ် ပွဲစဉ်တွင် ယနေ့တိုင်အောင် ဇနီးဖြစ်သူ အမေကြီး ဒေါ်ဖွားခင် သက်ရှိထင်ရှားဖြစ်နေသေးသ၍ လက်ရာမပျက်၊ နဂိုမူရင်းမပျက်ပင် ဆက်လက်ပူဇော်ထားသည်ကို တွေ့မြင်ဖူးမျှော် ခဲ့ရပါ၏။
ကြှနျုပျတို့ သွားရောက်လေ့လာသော အခါတွင် အမေကြီး ဒေါ်ဖွားခင် ကိုယ်တိုင် စိတ်ရှည်လက်ရှည် ရှင်းလင်းပြောပြခဲ့သည်မှာ...``အမေတို့က မင်းတို့ရဲ့ အဘဆရာကြီးရှိစဉ်က ဘုရားစင်နဲ့ ပွဲစဉ်ကို လက်ရာမပျက် နဂိုအတိုင်းပဲ ဆက်ပြီး ပူဇော်ခဲ့ပါတယ်။ နတ်မင်းကြီးလေးပါး ရုပ်တု တစ်ခုကိုပဲ ထားရှိခဲ့တဲ့အတွက် ဒီအတိုင်းပဲ ထားပါတယ်
သားဖြစ်သူ ဆရာကြီး ဦးစံသိန်း၏ နေအိမ်တွင် ပြင်ဆင်ထားသော ပွဲများနှင့် ရုပ်လုံးတော်များမှာလည်း ဖခင်ဖြစ်သူ အဘ ဘိုးတော်ဟန် လက်ထက်က မူအတိုင်း စနစ်တကျတည်ထားပူဇော်ခြင်း ဖြစ်ပေသည်။
သို့ရာတွင် မြန်မာပြည်အရပ်ရပ်၌ ကွဲလွဲမှူလေးများ အနည်းငယ်ရှိရာ အဖေကြီးဦးမြခင်၏ နေအိမ် ဘုရားစင် အခြေအနေအရ ဘုရာပွဲနှင့် ရုပ်လုံးများ ထားသိုရာတွင် ဆီလျှော်အောင်တည်ထားရခြင်းကြောင့် ဖြစ်ပါသည်။
အဖေကြီး ဦးမြခင်ရှိစဉ်က ဤကိစ္စနှင့် ပတ်သက်၍ မိမိဤသို့ထားရခြင်း အကြောင်းမှန်ကို တပည့်ကြီး အချို့အား ရှင်းလင်းပြခဲ့ပြီး ဖြစ်ပါသည်။ နောင်တွင် တပည့်များအားလုံးကို ဘုရားနှင့်ပွဲများ၊ရုပ်လုံးတော်များ ထားပုံ အစီအစဉ်ကို ရှင်းလင်းပြရန် စိတ်ကူးရှိပေသည်။ ဤသို့မရှင်းပြရခင်မှာပင် ထွက်တော်မူခဲ့သဖြင့် အကျိုးအကြောင်းမသိသူ တပည့်အချို့သည် အဖေကြီး ဦးမြခင် ပြင်ဆင်ခဲ့သည့်ပုံစံကိုလိုက်၍ ပြင်ဆင်ခဲ့ကြရာမှ ၎င်းကိုပင် ရွှေရင်ကျော်ဂိုဏ်းချုပ် ဘိုးတော်ဟန်၏မူဟု ထင်မှတ်မှားခဲ့ခြင်းဖြစ်ပါသည်။
အဖေကြီး ဦးမြခင်သည် ဘိုးတော်ဟန်၏ မူနှင့်အစဉ်အလာကို အလွန်လေးစားသူဖြစ်ကြောင်း အထူးပြောဖွယ်ရာ မလိုချေ။
အဖေကြီး ဦးမြခင်၏ ပွဲပြင် အနေအထားများကို နမူနာယူ၍ တပည့်ဖြစ်ကြသူများက ပြင်ဆင်ကြသဖြင့် အနဲငယ် ကွဲလွဲနေကြခြင်း ဖြစ်လေသည်။ သို့ရာတွင် ဤပွဲထားပုံ ထားနည်းများမှာအဓိကအားဖြင့် အရေးကြီးသော ကွဲပြားခြားနားမူများမဟုတ်ပေ။
အချို့သော ဆရာများက အယူသညျးထနျလှသဖွငျ့ဘုရား၏လကျ၀ဲဖကျမှာ အဘဆရာကြီးများ၏ရုပ်လုံး
နှင့်ပွဲများကိုစီ၍ထားသည့်ပွဲကိုရှိခိုးကန်တော့ခြင်းမပြုရ။ ဒါရွှေရင်ကျော်မစစ်ဘူး အစရှိသည့်ပြောမှားဆိုမှားများရှိလာသောကြောင့် အစစ်အမှန်ကိုသဘောသက်၀င်လာစေ ရန်ရည်ရွယ်၍ တင်ပြရခြင်း
ပင် ဖြစ်ပါ၏။
အဘဘိုးတော်ဟန်၏ ဘုရားစင်ရှိ ပွဲများကိုပင် ရွှေရင်ကျော် မစစ်သောပွဲများဟု ပြောဆိုမိသကဲ့သို့ ဖြစ်နိုင်သောကြောင့် အရင်းအမြစ်ကို သေချာဂဏ လေ့လာနိုင်စေရန် ဖေါ်ပြရခြင်းဖြစ်ပါသည်။
အထက်ပါ ရေးသားခဲ့သော စာသားများသည်။နာယက ဆရာကြီး ဦစံသိန်း (ဓနုဖြူ ) ၏ တပည့်ရင်းဖြစ်သော စာရေးဆရာ ဦးမင်းဇော် ရေးသား တင်ပြသည့် "ရွှေရင်ကျော်အကြောင်း သိကောင်းစရာအဖြာဖြာ" စာအုပ်မှ ထုတ်နုပ်ရေးသားတင်ပြခြင်း ဖြစ်ပါသည်။
အမှန်အတိုင်းဆိုပါချေသော် ကျွန်တော် မင်းသစ္စာသည် မည်သည့်ဆရာ၊မည်သည့်စကားဝိုင်းတွင်မှ ဝင်ရောက်ပြောဆိုခြင်း၊ ငြင်းခုံ ဆွေးနွေးခြင်း မပြု ခဲ့ပါ။ လိမ္မာပါးနပ်စွာ မာန်မာန နိမ့်ချပြီး အခင်မင် မပျက် နေထိုင်သွားရန်သာ ဆန္ဒရှိပေသည်။ သို့ပါသော်လည်း ယနေ့ချိန်ခါတွင် ဆိုရှယ်မီဒီယာ ကြီးဖြစ်နေသော Facebookb နှင့် Tiktok ပေါ်များတွင် ရွှေရင်ကျော် တစ်ခေတ် ထပ်မံ ဆန်းသစ်လာ သည်နှင့်အမျှ မိမိဥပဇ္ဇာယ် ဆရာနှင့်လေ့လာမှု မတင်းတိမ် ကြတော့ပဲ အဆက်သွယ် ရသမျှ လေ့လာနိုင်ကြပါ သဖြင့်ဗဟုသုတ စုံလင်စွာရကြသလို ကိုယ်ထင်ရာ ကုတင်ရွှေနန်း ဖြစ်နေကြဟန်တူပါသည်။
သို့ပါသောကြောင့် တစ်ဦးတစ်ယောက်ခြင်း မေးခွန်းတိုင်း မဖြေဆိုနိုင်၊ မဆွေးနွေးနိုင်ပါသဖြင့် post တင်ပြီး ရေးသားရခြင်း ဖြစ်ပေသည်။
အဓိက ရည်ရွယ်ချက်မှာ ဤမူကွဲ နှစ်မျိုးမှ မည်သို့ပင် ထားရှိပူဇော်စေကာမူ မှားခြင်းမဟုတ်ကြောင်းနှင့်
ဘုရားကျောင်း အခြေအနေ အရ သဘောပေါက် နားလည်ကြစေရန်နှင့် အဘ ဘိုးတော်ဟန်၏ မူရင်းပုံစံ ကိုလည်း သိရှိကြစေရန် ရည်ရွယ်၍သာ တင်ပြခြင်း ဖြစ်ပါသည်။
ပွဲပြင်ဆင် ပုံကို အောက်တွင် Video နဲ့ ပြသထားပါသည်။အပြုသဘောဆောင်သော အကြံပြုဆွေးနွေချက်များ မှတ်ချက်ရေးပေးနိုင်ပါသည်။
ပွဲပြင်ပုံ ဗီဒီယို

No comments:
Post a Comment